Tuesday, August 11, 2015


မင်းဘူး သြဂုတ် ၉

မင်းဘူးခရိုင်စေတုတ္တရာမြို့နယ်မှ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော ကျေးရွာများသို့သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးခန်းများဖွင့်လှစ်နေမှုကို ဇူလိုင်လ(၃၀)ရက်နေ့မှ ယနေ့အထိရေဘေးသင့် ပြည်သူများအား ကွင်းဆင်း ၍ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရေကြီးနစ်မြုပ်သည့် ပန်းချက်ကျေးရွာတွင် သြဂုတ်(၉)ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးခန်း များဖွင့်လှစ်ခဲ့ပြီး အလား တူရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်ကျန်ရှိကျေးရွာများကိုလည်းကျန်းမာရေးစောင့်
ရှောက်မှုနှင့် ဆေးခန်းများဖွင့်လှစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video