Tuesday, August 11, 2015


ရေနံချောင်း သြဂုတ် ၁၀

ရေနံချောင်းမြို့နယ်အတွင်း အေရာဝတီမြစ်ဘေးနှင့် မြစ်လယ်ကျွန်းများရှိ ရေဘေးသင့်ကျောင်းများအတွက်
 ခရိုင်ပညာရေးမိသားစုက လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်တွင် ဇူလိုင်လ
 ၃၁ရက်မှ သြဂုတ် ၆ရက်နေ့အထိ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် အခြေခံပညာ
 ကျောင်းပေါင်း၂၂ကျောင်းမှာ ယာယီပိတ်ထားခဲ့ရသည်။ ထိုရေဘေးသင့်ကျောင်းများအတွက်
 မကွေးခရိုင်ပညာရေးမိသားစု၏စုပေါင်းအလှူအဖြစ် အလှူငွေကျပ်၁၀သိန်းကို ခရိုင်ပညာရေးမှူး ဦးကျော်ကျော်ဦးက ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်က လက်ခံရယူသည်။
အဆိုပါလှူဒါန်းငွေများကို မကွေးခရိုင်အတွင်းရှိ မြို့နယ်များမှစုပေါင်း၍ရေနံချောင်းမြို့နယ်နှင့် ပွင့်ဖြူ စေတုတ္တရာ မြို့နယ်များတွင်လည်း မကွေးခရိုင် ပညာရေးမိသားစု အလှူအဖြစ် ထည့်ဝင်လှူဒါန်း
သွားမည်ဖြစ်ကြောင်းခရိုင်ပညာရေးမှူးကပြောကြားခဲ့ပြီး ကျောင်းအချို့မှာပြန်လည်ဖွင်လှစ်ပြီဖြစ်ကြောင်း
သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video