Wednesday, April 1, 2015


မကွေး     ဧ ပြီ     ၁
    စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကိုမကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးဌာနစာကြည့်တိုက်ခန်းမတွင် မတ်လ (၂၉)ရက်နေ့က ကျင်းပရာ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက တက်ရောက်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး
 ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်နိုင်က စာကြည့်တိုက် ၀န်ဆောင်မှု မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
    အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မကွေးခရိုင်အတွင်းမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန မြို့နယ်ဦးစီးမှူးများက စာကြည့်တိုက်အပေါ် ပြည်သူများ အမြင်ပြောင်းလဲလာစေရေး၊ပူးပေါင်းဆောင် ရွက်ခြင်းများ၊စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေးလုပ်ငန်းများအကြောင်းကို ဆွေးနွေးကြပြီး မကွေးမြို့နယ်၊နတ်မောက်မြို့နယ်၊ ချောက်မြို့နယ် ရေနံချောင်းမြို့နယ်များမှစာကြည့်တိုက်မှူး(၅၀)ဦးတက်ရောက်
ခဲ့ပြီး  မိမိစာကြည့်တိုက်၏ လိုအပ်ချက်များအား ဆွေးနွေးကြပါသည်။ယင်းအလုပ်ရုံဆွေးနွေးပွဲကို မတ်လ(၂၉)ရက် နေ့မှ (၃၀)ရက်နေ့ထိ (၂)ရက်ကြာပြုလုပ်ခဲ့ကြောင်းသိရသည်။
ညီညီမောင်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video