Monday, April 6, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ညနေ (၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဆိပ်ဖြူမြို့၊ အနော်ရထာတံတားပေါ်တွင် ယာဉ်တိုက်မှု ဖြစ် ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 ချောက်မြို့မှ ဆိပ်ဖြူမြို့ဘက်သို့ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ကျေးရွာနေ ၊ အောင်သူဝင်း(၂၃)နှစ်မောင်းနှင်ပြီး နောက်မှဇနီးဖြစ်သူ မခိုင်ဇာထူး(၁၉)နှစ် လိုက်ပါလာသည့် ၃၂ယ/xxxx ၊ တိုယိုမက်စ် အနီရောင်ဆိုင်ကယ်အား ဆိပ်ဖြူဘက်မှ ချောက်မြို့ဘက်သို့ ချောက်မြို့၊ ပုဂံစုရပ်ကွက်နေ မောင်စန်း(၄၉)နှစ်မောင်းနှင်လာသော ဟ/xxxx ၊ လီဖန်းအပြာရောင်သုံးဘီး ဆိုင်ကယ်မှ အနော်ရထာတံတားပေါ် P7နှင့် P8 ကြားအရောက်၌ ဆိုင်ကယ်၏ယာဉ်ကြောဘက်သို့ ဝင်ရောက် တိုက်မိပြီး အောင်သူဝင်းနှင့် မခိုင်ဇာထူးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် သုံးဘီး ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ မောင်စန်းအား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video