Wednesday, April 1, 2015

အထက်မင်းလှ  မတ် ၃၁
    မကွေးတိုင်းဒေသကြိး သရက်ခရိုင် မင်းလှ မြို့တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟော  ပြောပွဲနှင့် မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်နည်း လက်တွေ့ သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၀၉၃၀)  နာရီက ရေနံဓာတု စက်ရုံမှ (မန်းသံပုရာကန်) အားကစားကွင်း အတွင်း ကျင်းပခဲ့သည်။
     အဆိုပါ အခမ်းအနားတွင် မင်းလှ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းတင်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း   သိကောင်းစရာများ ဟောပြောပေးပြီး မြို့နယ် မီးသတ်တပ်ဖွဲ့မှူး ဦးကျော်လင်းစိုးက မီးဘေးအန္တရာယ် ကြိုတင်ကာ  ကွယ်ရေးအသိပညာပေးဟောပြောပြီး မီးငြိမ်းရေး ပစ္စည်းများ ပြသပြီး ၀န်မထမ်းများနှင့်အတူ မီးငြိမ်းပြသမှု့တို့ကို မင်းလှမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၁)စီး ၊ရေနံဓာတုစက်ရုံမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် လက်တွေ့ သရုပ်ပြသဆောင်ရွက်ပေးခဲ့သည်။
ယင်းအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပေါက်ကျော်၊ရေနံဓာတုစက်ရုံစု စက်ရုံမှူး ဦးဖေသက်ညွန့်  နှင့် အရာထမ်းအမှု့ထမ်းများ ၊စက်ရုံရှိ နွေရာသီ မီးသတ်သင်တန်း သားများ၊ စက်ရုံဝန်ထမ်းမိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
                                                                                                       (၀ါလေး)အထက်မင်းလှ

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video