Friday, January 9, 2015

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်၍     မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြ  ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုကို ဇန်န၀ါရီ ၇ ရက် မွန်းလွှဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
    မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုလုပ်ငန်းတွင် မြို့နယ်ရှိမီးသတ်ကား (၂)စီး၊အဖွဲ့ပိုင် ဒိုင်းရှင်းမီးသတ်စက်(၂)လုံးတို့ဖြင့် လက်တွေ့ မီးငြိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်ခဲ့ရာ ဈေးသူဈေးသားများက စိတ်ပါဝင်စားစွာဖြင့် ဆောင်ရွက်ခဲ့ကြသည်။
    ကြိုတင်ဇာတ်တိုက်လေ့ကျင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူးဦးအေး သန်း၊အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၊မီးသတ်ဦးစီးမှူးဦးဝင်းမင်းထွန်း၊နှင့်ဈေးသူဈေးသားများစုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video