ကျေးလက်နေပြည်သူများ အသိပညာ ဗဟုသုတ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာအရောက် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်မြို့ စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၉ ရက် နေ့လည် (၀၁း၃၀)နာရီက သရက်မြို့နယ် ပိတောက်ပင်ကျေးရွာ ပိတောက်ရွှေဝါ စာကြည့်တိုက်အတွင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသီရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးဝင်းမှ စာဖတ်ရခြင်း အကျိုးကျေးဇူးကြောင့် လူနေမှုဘ၀၊ စိတ်ဓာတ်ရေးရာ အသိပညာရရှိခြင်းများကို ရှင်းလင်းပြောကြားပြီး သရက်မြို့ စာရေးဆရာများအသင်း မောင်မောင်ညွန့်(သရက်)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ထပ်မံပြောကြား၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာနမှ သုတရသ စာအုပ်မျိုးစုံကို ကျေးရွာ စာကြည့်တိုက်သို့ လှူဒါန်းခဲ့ ကြောင်း သတင်းရရှိပါသည်။
Friday, January 9, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment