Thursday, June 13, 2019


၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် ၀င်းဇော်နှင့် အဖွဲ့သည် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၅/၂၀၁၉)ဖြင့် ချောက်မြို့နယ်၊ သလုံးသွေးကျေးရွာနေ မောင်စန်း၊ ၄၃ နှစ်၏နေအိမ်အား သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာ နေအိမ်တဲအတွင်း တွေ့ရှိရပြီး ၎င်း၏ ရှေ့စားပွဲခုံပေါ်မှ နှစ်လုံး/သုံးလုံးထီ ဂဏန်းများနှင့် ငွေတန်ဘိုးများ ရေးသားထားသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ Huawei အနက်ရောင်ဖုန်း(၁)လုံး၊ Samsumg အနက်ရောင်ဖုန်း(၁)လုံး၊ Osaks တံဆိပ်ပါ ဆင်စွယ်ရောင်အကျီင်္ကြား အိပ်ကပ်အတွင်းမှ ငွေစက္ကူရောရာ(၈၃၃၀၀)ကျပ်၊ ဗလာစာအုပ်ထဲတွင် ညှပ်ထားသော(၁၀၀၀)တန်ငွေစက္ကူ(၃)ရွက်၊ စုစုပေါင်း ငွေစက္ကူရောရာ(၈၆၃၀၀)ကျပ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မောင်စန်း အား ချောက်မြို့မရဲစခန်း (ပ)၆၀၅/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video