မကွေး၊ ဇွန် ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်ထိ
ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ ဦးစီးသော တပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး
ဦးအောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီအောင်၊ မြို့နယ်စည်ပင်အမှုဆောင်
အရာရှိ ဦးမြင့်ဟန်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးသီတာထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးမြသိန်း၊ မြို့ပေါ်(၈)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ
ပါဝင်သော အဖွဲ့များနှင့်ပူးပေါင်း၍ ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဂူကြီးဘုရားလမ်းဆုံတွင်
ဖြတ်သန်း သွားလာလျက်ရှိသော မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း
အသိပညာပေးခြင်း၊ ရောင်ပြန်စတေကာ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ ပေးခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။Friday, June 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment