မကွေး၊ ဇွန် ၁၅ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ နေ့လည်
၂ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှ ရဲအုပ် အောင်ဇော်မင်းနှင့်အဖွဲ့သည်
သက်သေများနှင့်အတူ ခိုး/ဆိုး/နှိုက် သတင်းစုံစမ်းနေစဉ် မကွေးမြို့၊ ပြည်တော်သာလမ်းနှင့်
ခွါညိုလမ်းထောင့်တွင် မင်းဘူး(စကု) မြို့နယ်၊ ကံကုလားကျေးရွာနေ လွင်မိုး၊ ၂၄ နှစ်၊
ငဖဲမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာနေ မသီတာဝင်း၊ ၂၇ နှစ်နှင့် ပွင့်ဖြူမြို့နယ်၊
ကံဆွယ်ကျေးရွာနေ ရီဝေအောင်၊ ၂၀ နှစ်တို့ (၃)ဦးအား မသင်္ကာဖွယ် ၅၈ယ/၁၀၉၆၅ DAYAND 125
အနက်ရောင်ဆိုင်ကယ်နှင့် ၃၄ယ/၄၅၈၉၆ DAYAND 125 ဆိုင်ကယ် (၂)စီးကို ကာလတန်ဖိုးထက် လျော့ပေါ့ရောင်းချနေသည်ကို
တွေ့ရှိရ သဖြင့် စစ်ဆေးမေးမြန်းရာ အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိဘဲ
အဆောက် အဦတစ်ခုခုအတွင်းမှ ခိုးယူလာနိုင်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် လွင်မိုး
ပါ(၃)ဦးအား မကွေးနယ်မြေရဲစခန်း (ပ)၄၉၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။
ဖမ်းဆီးအရေးယူထားသူများအား
ရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲမှူး ကျော်သန်း ဦးဆောင်သော အဖွဲ့များ ဖြင့် အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ရာ
၎င်းတို့၏ ထွက်ဆိုချက်များအရ အောက်ပါဆိုင်ကယ် (၁၁)စီးအား
ထပ်မံဖော်ထုတ်သိမ်းဆည်းရရှိခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်-
(၁) မင်းဘူး(စကု)မြို့နယ်၊ သိမ်ကုန်းမြောင်းဘောင်ဘေး
ငှက်ပျောတောအတွင်းမှ ခိုးယူလာသော ၂၁ယ/၅၅၃၅၄ နံပါတ်ပါ DAYANG 125
အနက်ရောင်ဆိုင်ကယ်(၁)စီး
(၂) မကွေးမြို့၊ ဗိုလ်ချုပ်ပန်းခြံအနီးမှ
ခိုးယူလာသော ၅၃ယ/၂၀၃၉၈ နံပါတ်ပါ DAYANG 125 ဖြူ/နက်ရောင်ဆိုင်ကယ်(၁)စီး
(၃) ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအနီးမှ
ခိုးယူလာသော နံပါတ်မပါ DAYANG 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၄) မင်းဘူး(စကု)မြို့နယ်၊ ချင်းကုန်းကျေးရွာအနီး
မြောင်းဘောင်မှ ခိုးယူလာသော နံပါတ်မပါ CANDA 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၅) ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအနီးမှ
ခိုးယူလာသော နံပါတ်မပါ SHAYAN 110 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၆) ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအတွင်း
လက်ဘက်ရည်ဆိုင်ရှေ့မှ ခိုးယူခဲ့သော ၄၂ယ/၈၂၀၀၆ DAYANG 125
ဖြူ/နက်ရောင်ဆိုင်ကယ်(၁)စီး
(၇) စကုမြို့၊ သိမ်ကုန်းမြောင်းဘောင်အနီး
နှမ်းခင်းအတွင်းမှ ခိုးယူလာသော ၂၉ယ/၇၁၇၄၅ DAYANG 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၈) မင်းဘူးမြို့နယ်၊ အလံပ္ပါယ်ကျေးရွာရှိ
နေအိမ်တစ်အိမ်အတွင်းမှ ခိုးယူလာသော ၄၃ယ/၅၄၀၆၅ DAYANG 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၉) မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ မေတ္တာလမ်းရှိ 2
to 7 ဘိလိယက်ခုံအနီးမှ ခိုးယူလာသော ၅၈ယ/၁၅၈၂၀ DAYANG 125 အနက်ရောင်ဆိုင်ကယ်(၁)စီး
(၁၀) စကုမြို့၊ အထက်တန်းကျောင်းရှေ့မှ ခိုးယူလာသော
နံပါတ်မပါ DAYANG 125 အဖြူရောင် ဆိုင်ကယ်(၁)စီး
(၁၁) မကွေးမြို့၊
ကမ်းနားလမ်းရှိ ကျောက်သားဥယျာဉ်အနီးမှ နံပါတ်မပါ NEW ZHINENG 110 အနက်ရောင်ဆိုင်ကယ်(၁)စီး
0 comments:
Post a Comment