မကွေး၊ ဇွန် ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့
နံနက် ၇ နာရီမှ ၉ နာရီခွဲခန့်ထိ ပေါက်မြို့မရဲစခန်းမှ ဒုရဲအုပ် ဥမ္မာစိုး ဦးစီးသော
တပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသန့်ဇော်၊
မြို့နယ် ဆောက်လုပ်ရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်မင်း၊
မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ
ဦးစီးမှူး ဦးလင်းမင်းညွန့် တို့ပါဝင်သော ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍
အောင်ချမ်းသာရပ်ကွက်ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင်
ဖြတ်သန်း သွားလာလျက်ရှိသော ယာဉ်များအား ယာဉ် စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးခြင်း၊
ရောင်ပြန် စတေကာ ကပ်ပေးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment