Thursday, June 13, 2019



၂၀၁၉ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲမှူး ကျော်သန်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေ များနှင့်အတူ မကွေးမြို့နယ်၊ ၀ါဂွမ်းကျေးရွာနေ မဌေး(ခ)ဌေးဌေးမြင့်၊ ၄၆ နှစ်၏ နေအိမ်အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၇/၂၀၁၉)ဖြင့် ၀င်ရောက် ရှာဖွေရာ နေအိမ်ခြေရင်းဘက်အခန်း၌ မဌေး(ခ)ဌေးဌေးမြင့်နှင့် တစ်ရွာတည်းနေ ဒေါ်မာမာရီ၊ ၅၇ နှစ်တို့အား နှစ်လုံးထီလောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ဒေါ်မာမာရီမှ နှစ်လုံးထီဂဏန်း နှင့် ငွေတန်ဖိုးများ ရေးသားထားသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူရောရာ(၃၈၀၀)ကျပ် တို့အား အခန်းအပြင် မြေပြင်ပေါ်သို့လွှင့်ပစ်ခဲ့ရာ ၎င်းပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ ပါသည်။
ထို့နောက် အခန်းအတွင်း ဆက်လက်ရှာဖွေရာ ၎င်းတို့(၂)ဦး ထိုင်နေသော ကုတင်ပေါ်မှ FUJI စာတမ်းပါ ဆပ်ပြာပုံးဖြင့် ထည့်လျက် နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုးများ၊ အကြွေးစာရင်းများ ရေးသားထားသည့် စာရွက်စာတမ်းများ၊ Message Box အတွင်း နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုး များ ပေးပို့/လက်ခံ လောင်းကစားပြုလုပ်ထားသည့် Huawei ရွှေရောင်ဖုန်း(၁)လုံး၊ ငွေစက္ကူ ရောရာ (၂၇၈၅၀)ကျပ်အားလည်းကောင်း၊ မဌေး(ခ)ဌေးဌေးမြင့်၏ခန္ဓာကိုယ်မှ ငွေစက္ကူရောရာ (၂၆၀၀၀)ကျပ်အား လည်းကောင်း၊ ဒေါ်မာမာရီ၏ခန္ဓာကိုယ်မှ ငွေစက္ကူရောရာ(၇၀၀)ကျပ်အား လည်းကောင်း၊ စုစုပေါင်း လောင်းကြေးငွေစက္ကူရောရာ (၅၈၃၅၀)ကျပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မဌေး(ခ)ဌေးဌေးမြင့်နှင့် ဒေါ်မာမာရီတို့(၂)ဦးအား မကွေးနယ်မြေရဲစခန်း (ပ)၄၈၈/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video